(၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးဒဏ် ငလျင်အန္တရာယ်ကို ပြင်းထန်စွာ ကြုံတွေ့ ခံစားခဲ့ကြရသည့် ဒေသအသီးသီးမှ နစ်နာ ခံစားရသူ မိတ်ဆွေများ နှင့် ငလျင်ဒဏ်သင့် Women Transforming Myanmar (WTM) အနေဖြင့် များစွာ ဝမ်းနည်း စာနာပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
(၂၈-၃-၂၀၂၅) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် သဘာဝ ဘေးဒဏ် ငလျင်အန္တရာယ်ကို ပြင်းထန်စွာ ကြုံတွေ့ ခံစားခဲ့ကြရသည့် ဒေသအသီးသီးမှ နစ်နာ ခံစားရသူ မိတ်ဆွေများ နှင့် ငလျင်ဒဏ်သင့် Women Transforming Myanmar (WTM) အနေဖြင့် များစွာ ဝမ်းနည်း စာနာပါကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်။
ဖြစ်ပွားခဲ့/ လျက်ရှိသော သဘာဝဘေး နှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ဝမ်းနည်း စာနာသောအားဖြင့် WTM Team မှ လက်တွဲပူးပေါင်းနေသော အဖွဲ့အစည်းများနှင့် အတူ ထိခိုက်မှုပြင်းထန်ခဲ့သော မန္တလေး၊ အင်းလေးဒေသရှိကျေးရွာများနှင့် စစ်ကိုင်းဒေသများရှိငလျင်ဒဏ်သင့် ပြည်သူများအတွက် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်သွားပါမည်။ ထိုဒေသများရှိ မြေပြင်တွင် လက်တွေ့ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ လိုအပ်သော စားနပ်ရိက္ခာ၊ ရေသန့်၊ ဆေးဝါးနှင့် အရေးပေါ်ပစ္စည်းများကို ထိထိရောက်ရောက် ကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
WTM ၏ ပံ့ပိုးကူညီမှုအဖြစ် ၅ သိန်းကျပ်ကို မတည်ကာ ကူညီထောက်ပံ့မှုများကို ပြုလုပ်မည်ဖြစ်ပါသည်။
မန္တလေးမြို့ မင်္ဂလာရန်ကင်းအိမ်ယာရှိ လူ ၃၀၀၀ စာအတွက် အစားအသောက်၊ သောက်ရေသန့် နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ကလေးများအတွက်လိုအပ်သော အခြေခံပစ္စည်းများကို ၅ရက်စာ 110,400,000 ကျပ်
မန္တလေးမြို့ အထွေအထွေပြည်သူ့ဆေးရုံမှ လူ ၁၀၀၀ စာအတွက် အစားအသောက်၊ သောက်ရေသန့် နှင့် ဆေးဝါးပစ္စည်းများကို ၅ ရက်စာ 45,500,000 ကျပ်
အင်းလေးဒေသရှိ လူ ၆၀၀ စာအတွက် အစားအသောက်၊ သောက်ရေသန့် နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ကလေးများအတွက်လိုအပ်သော အခြေခံပစ္စည်းများကို ၅ရက်စာ 23,300,000 ကျပ် ကျသင့်သွားမည်ဖြစ်ပါသည်။
ထို့အတူ စစ်ကိုင်းရှိ ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီထောင်ပံ့နိုင်ရန် မြေပြင်တွင် လက်တွေ့လုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့်ချိတ်ဆက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
WTM နှင့်အတူ ပူးပေါင်းပါဝင်ကာ ကူညီထောက်ပံ့မှုများတွင် ပါဝင်ကြရန်လည်း ဖိတ်ခေါ်လျက်ရှိပါတယ်။ ကူညီထောက်ပံ့မှုများကိုလည်း ပွင့်လင်းမြင်သာစွာပြန်လည်ဖော်ပြသွားမည်ဖြစ်ပါသည်။
ပါဝင်လှူဒါန်းလိုပါက အောက်ပါ Account များကနေ တဆင့် ပါဝင်လို့ရပါတယ်။
09775574420 (Kpay) – Thet Htoo Eain San
09779982287 (Kpay) – Ei Phyu Htet Myat Moe
CB Bank
Thiri Aung – 0061 6005 0002 9987
AYA Bank
Thiri Aung – 20001302837
KBZ Bank ( Special Account)
Daw Thiri Aung – 33451102901413501